Podcast.co
Subscribe
ဒီနေ့အတွက်စကား
Padamyar FM
ဒီနေ့အတွက်စကား
20/07/202003:00
Episode Info

Today’s a perfect day for a whole new start. Let go of fear and free your mind. It’s time to open your heart.

ကိစ္စရပ်တစ်ခုကိုစတင်ဖို့မဝံ့မရဲဖြစ်နေတဲ့သူတွေအတွက်အားပေးတဲ့စကားတစ်ခွန်းပါ။တစ်ချို့လူတွေကကိစ္စရပ်အသစ်တစ်ခုကိုစွန့်ဦးလုပ်ကိုင်ဖို့ဆိုရင်မဝံ့မရဲဖြစ်တတ်ကြ၊ကြောက်ရွံ့တတ်ကြပါတယ်။တကယ်တော့စွန့်ဦးတီထွင်မှုဆိုတာတကယ့်ကိုမှကောင်းမွန်တဲ့လုပ်ငန်းတစ်ခုပါ။ဘယ်သူမှမလုပ်ဆောင်ရသေးတဲ့အရာဖြစ်တဲ့အတွက်စလယ်ဆုံးကိုယ့်စိတ်နဲ့ကိုယ်လုပ်လို့ရပါတယ်။မှားသွားရင်လည်းကိုယ့်အတွက်ပညာရပါတယ်။မှန်သွားရင်တော့အတိုင်းထက်အလွန်ကိုယ့်ရဲ့သမိုင်းမှာလူတော်တစ်ယောက်ဖြစ်ခွင့်လည်းရှိသွားနိုင်ပါတယ်။ဒါကြောင့်ကိစ္စရပ်တစ်ခုကိုစတင်ဖို့ဒီနေ့ဟာအကောင်းဆုံးနေ့ဆိုတာကိုနေ့စဉ်နေ့တိုင်းစိတ်ထဲမှာစွဲစွဲမြဲမြဲတွေးထင်ပါ။

ဒီနေ့ကအကောင်းဆုံးသောစတင်ခြင်းတွေကိုပြုလုပ်ရမယ့်ပြည့်စုံတဲ့နေ့ပါ။ကြောက်ရွံ့စိတ်တွေကိုဖယ်ရှားလို့စိတ်ကိုလွတ်လပ်စွာထားပါ။နှလုံးသားကိုဖွင့်လှစ်ဖို့အချိန်တန်ပါပြီ။

Powered by