Podcast.co
Subscribe
ဒီနေ့အတွက်စကား
Padamyar FM
ဒီနေ့အတွက်စကား
20/06/202003:00
Episode Info

ဒီနေ့အတွက်စကား

Never get too attached to anyone unless they also feel the same towards you, because one sided expectations can mentally destroy you.

ဒီနေ့အတွက်စကား

တစ်ဖက်တည်းက အပြန်အလှန်မရှိတဲ့ မေတ္တာစီးဆင်းမှုတွေ၊ တစ်ဖက်တည်းရဲ့ မျှော်လင့်ချက်တွေက ပူလောင်တယ်ဆိုတဲ့အကြောင်းကို ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လောကမှာ ဆိုင်သူမသိ အောင် တိတ်တိတ်လေး တွယ်တာမိနေတာ၊ ခိုးပြီး ကျိတ်ပြီး ချစ်ခင်မိနေတာ၊ အခုခေတ်စကားနဲ့ဆိုရင် တစ်ဖက်လူမသိအောင် Crush မိနေတာတွေက တစ်ဖက်သတ်ခံစားနေရတဲ့ သူအတွက် ပူလောင်မှုတွေကိုပဲ ပေးစွမ်းနိုင်သလို ကိုယ့်အတွက် လုပ်ဆောင်ရမယ့် အလုပ်တွေမှာလည်း အနှောင့်အယှက်တွေကို ဖြစ်စေနိုင်တယ်။

အထူးသဖြင့် ကိုယ့်ဘက်က နစ်နစ်နဲနဲ ချစ်မိတဲ့ တွယ်တာမိတဲ့သူက ကိုယ့်အနေနဲ့ မတွယ်တာသင့်တဲ့ မချစ်သင့်တဲ့ သံယောဇဉ်မထားသင့်တဲ့သူဖြစ်နေမယ်ဆိုရင်တော့ ကိုယ့်ရဲ့စိတ်တွေကို ကိုယ့်ဘာသာပဲထိန်းလို့ တခြားသောအရာတွေမှာ အာရုံစိုက်ရပါမယ်။ တခါတလေမှာ လောကရဲ့ အဆန်း တကြယ်အဖြစ်အပျက်တွေကြောင့် ခြားနားနေတဲ့ စည်းတွေ၊ လူမှုအသိုင်းအဝိုင်းတွေ၊ ပတ်ဝန်းကျင်နဲ့ စိတ်နေစိတ်ထားတွေ မတူညီတဲ့အခါမှာ တစ်ဖက်တည်းက ခံစားနေရတဲ့သူတွေအတွက် ပူလောင်ခြင်း ဗျာပါဒမီးတွေကို ခံစားရစေနိုင်ပါတယ်။ လူနှစ်ယောက်ပေါင်းစုံဖို့ဆိုရင်လည်း အတင်းကြီး အဓမ္မလုပ်ယူလို့မရတာတွေလည်းရှိသလို ရယူပြီးကာမှ နှစ်ယောက်စလုံး အတွက် ပူလောင်မှုတွေပဲ ဆက်ပြီး ကြီးထွားစေမယ်ဆိုရင် အစကတည်းက လက်လွှတ်သင့်တာကို လက်လွှတ်ထားလိုက်တာ က သူ့အတွက်ရော အထူးသဖြင့် ကိုယ့်အတွက်ပါ အကောင်းဆုံးပါပဲ။

Never get too attached to anyone unless they also feel the same towards you, because one sided expectations can mentally destroy you.

သူတို့ဘက်ကလည်း ကိုယ့်အပေါ်တွယ်တာနေတာမျိုးမရှိဘဲ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အရမ်းကြီး တွယ်တာ နေတာမျိုး မဖြစ်ပါစေနဲ့။ တစ်ဖက်သတ်မျှော်လင့်ချက်တွေက သင့်ကို စိတ်ပိုင်းဆိုင်ရာဖျက်စီးမှုတွေပြုလုပ်စေနိုင်ပါတယ်။

ရာမဇာတ်တော်ထဲမှာ အချစ်ကြီးတဲ့ တစ်ဖက်သတ် ရယူလိုစိတ်များခဲ့တဲ့ ရာဝဏရဲ့ နောက်ဆုံး ဇာတ်သိမ်းမလှခဲ့တာကိုလည်း သတိထားစရာဥပမာတစ်ခုပါပဲ။ ဒါကြောင့် လူသား နှစ်ယောက်ပေါင်းစုံမှုမှာ တစ်ဖက်တည်းက ဖြည့်စည်းမှုတွေ၊ ရယူမှုတွေဖြစ်မနေဖို့လိုပါတယ်။ ဘဝနှစ်ခုပေါင်းစုံခြင်းမှာ နှစ်ဦး နှစ်ဖက်လုံး မျှခြေနဲ့ အပြန်ပြန်အလှန်လှန်ပေးဆပ်မှုတွေ၊ တစ်ယောက်ရဲ့ လိုအင်တွေကို တစ်ယောက်က ဖြည့်စည်းပေးရင်းနဲ့ အချိုမြိန်ဆုံးသော အချိန်တွေကို အတူတူဖြတ်သန်းခြင်းသာ အကောင်းဆုံးပါပဲ။

ဒီနေ့အတွက်စကား

Never get too attached to anyone unless they also feel the same towards you, because one sided expectations can mentally destroy you.

Powered by