Podcast.co
Subscribe
ဒီနေ့အတွက်စကား
Padamyar FM
ဒီနေ့အတွက်စကား
06/10/201903:00
Episode Info

Relationships theses days are harder now because conversation becomes texting, arguments become phone calls, and feelings become status updates.

ဒီနေ့အတွက်စကား

အခုနောက်ပိုင်းဆက်ဆံရေးတွေကအေးခဲမာကျောလာပါတယ်။ ဘာလို့လဲဆိုတော့ ပြောဆိုမှုတွေကစာရိုက်ပြောဆိုခြင်းတွေ ဖြစ်ပြီးအငြင်းအခုံတွေကဖုန်းခေါ်ဆိုမှုတွေဖြစ်လာပြီးခံစားချက်တွေကတော့ Social Media ပေါ်ကရေးသားထုတ်ဖော်မှုတွေဖြစ်လာလို့ပါ။ဒီနေ့ခေတ်မှာ ဖြစ်ပျက်နေတဲ့ ဆက်ဆံရေးတွေအကြောင်းကို မြင်သာထင်သာရှိအောင်ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတစ်ယောက်နဲ့တစ်ယောက်ကြားကဆက်ဆံရေးတွေကသွေးအေးတဲ့ ဆက် ဆံမှုတွေကပိုပြီးများပါတယ်။ ထို့အတူပဲ။ နှစ်ယောက်ကြားကဆက်ဆံရေးဟာ နှလုံးသားထဲမှာ သိမ်းဆည်းသိုဝှက်ထားတဲ့ နွေးထွေးတဲ့ ဆက်ဆံရေးမျိုးထက် ပုံစံတစ်မျိုးသက်ရောက်မှုတစ်ဖုံဖြစ်နေတဲ့ ဆက်ဆံရေးတွေကပိုလို့များလာပါတယ်။

လောကမှာအရေးကြီးတဲ့ စားဝတ်နေရေး၊ လူတန်းစေ့ရှင်သန်ရပ်တည်နိုင်ရေး၊ ခေတ်နဲ့အမှီရင်ဘောင်တန်းနိုင်ရေးစတဲ့ စတဲ့ လိုအပ်ချက် တွေရဲ့နောက်ကိုလိုက်ရင်းနဲ့ အိမ်ထောင်ရေးတွေ၊ အချစ်ရေးတွေမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာဆက်နွယ်မှုတွေကလည်းတစ်နည်းတစ်ဖုံပတ်သက်မှုတွေဖြစ်လာပါတယ်။ ခေတ်ကြီးကတိုးတက်လာတာနဲ့အမျှ အဝေးတစ်နေရာကိုရောက်နေတယ် ဆိုရင်တောင် အရှေ့မှာရပ်ပြီးအတူတူရှိနေသလိုမျိုးဆက်သွယ်ရေးနည်းပညာတွေကပိုပြီးတစ်နေ့ထက်တစ်နေ့ တိုးတက် လာပါတယ်။ အရင် တုန်းကဆိုရင် အတူတူရှိတဲ့ဘဝတွေကို ပိုင်ဆိုင်ပြီး နွေးထွေးတဲ့ဆက်ဆံရေးကိုဆောက်တည်ထားကြတာများပေမယ့် ဒီနေ့ ခေတ်မှာတော့ နှစ်ယောက်ကြားကဆက်ဆံရေးမှာအတူရှိရေးကိုဦးစားပေးဖို့ထက် တခြားသောရည်ရွယ်ချက် ဦးစားပေးစရာတွေကိုပိုလို့အလေးထားလာကြတာကိုလည်းတွေ့ရပါတယ်။

Powered by