Podcast.co
Subscribe
ဒီနေ့အတွက်စကား
Padamyar FM
ဒီနေ့အတွက်စကား
03/01/202003:00
Episode Info

I am in competition with no one. I run my own race. I have no desire to play the game of being better than anyone. I just aim to improve, to be better than I was before. That’s me, and I’m free.

ဒီနေ့အတွက်စကား

Care Free၊ Stress Free ဆိုတဲ့ ပူပန်မှုကင်းတဲ့၊ စိတ်ဖိစီးမှုတွေကနေကင်းဝေးတဲ့ဘဝကိုလိုချင်ကြတဲ့သူတွေအတွက် နည်းလမ်း ကောင်းတစ်ခုက ဒီနေ့အတွက်စကားမှာပါဝင်နေပါတယ်။ ကျွန် တော်တို့တတွေ လောကကြီးမှာရှင်သန်ရုန်းကန်နေရင်းနဲ့ လောဘ၊ ဒေါသ၊ မောဟမီးတွေ၊ မလိုခံခက်ခံစားချက်တွေ၊ မစ္ဆာရိယမနာလိုမှုတွေကိုခံစားရင်းနဲ့ အပူကြီးပူနေတတ်ပါတယ်။ တကယ်တော့ လူဖြစ်လာပြီဆိုတာကတကယ့်ကိုမှ ကုသိုလ်ကံတရားအကျိုးပေးကောင်းလွန်းလို့ဖြစ်လာတာပါ။ ဒီလိုမျိုးလူ့ဘဝမှာ ဘာရယ်မဟုတ်ဘဲအပူမီးတွေနဲ့ ဖြတ်သန်းရင်းအဓိပ္ပာယ်မရှိအချိန် တွေကုန်လို့ကုန်မှန်းမသိကုန်ဆုံးနေမယ်ဆိုရင်တော့ လူဖြစ်လာရတဲ့ဘဝက အလကားပဲဖြစ်နေတော့မှာပါ။ 

ဒီတော့ ဘဝနေထိုင် မှုတွေထဲကမှ အပူအပင်ကင်းကင်းနဲ့ စိတ်ဖိစီးမှုမရှိအောင်နေထိုင်ဖို့အတွက် နည်းလမ်းကောင်း တစ်ခုက တော့ လောကမှာတခြားသောသူတွေနဲ့ ကိုယ့်ကိုကိုယ်ဘယ်တော့မှ မနှိုင်းယှဉ်မိပါစေနဲ့။ အထူးသဖြင့် သူကသာတယ်။ ငါက နာတယ်။ ငါကသူ့ လောက်မတော်သေးဘူး။ သူဘာတွေတော်နေတယ်။ အဲဒီလိုငါလည်းတော်နေရမယ်။ ငါဟာသူ့ထက်သာကို သာရမယ်ဆိုတဲ့ စိတ်တွေ၊ အတွေးတွေကိုခေါင်းထဲကနေထုတ်ထားပါ။ ဘယ်တော့မှ တခြားသူတွေနဲ့ လိုက်ပြီးယှဉ်ပြိုင်မနေပါနဲ့။ ဒါဆိုရင် ကိုယ် လုပ်သမျှကိုကိုယ်တိုင်ကျေနပ်ပြီးမတိုးတက်နိုင်ဘူးလို့ပြောတဲ့သူတွေလည်းရှိမှာပါ။ ဒါဆိုရင်တော့ လွယ်လွယ် လေးပါ။ ကိုယ့်အ နေနဲ့ တစ်လောကလုံးမှာယှဉ်ပြိုင်စရာလူတစ်ဦးပဲရှိပါတယ်။ အဲဒီလူကတော့ ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့် ဘာသာကိုယ်ပဲယှဉ် ပြိုင်ပါ။

Powered by