
A friend who understands your tears is much more valuable than a lot of friends who only knew your smile.
ဒီနေ့အတွက်စကား
ကဗျာဆန်ဆန်နဲ့ မိတ်ဆွေကောင်း မိတ်ဆွေစစ် ဆိုတာဘယ်လိုလူစားမျိုးလည်းဆိုတာကိုကွက်ကွက်ကွင်းကွင်းမြင်အောင် ပြောပြထားတဲ့စကားတစ်ခွန်းပါ။ ကျွန် တော်တို့တတွေ မွေးဖွားပြီးအရွယ်ရောက်ကြီးပြင်းတဲ့အချိန်ကနေ သေဆုံးသွားတဲ့အချိန် အထိလူဘောင်အဖွဲ့အစည်းထဲမှာ နေ ထိုင်ရှင်သန်နေရင်း သူငယ်ချင်းဆိုတဲ့ မျိုးနွယ်တူလူသားတွေနဲ့ တွေ့ဆုံပေါင်းသင်းရမှာပါ။ အဲဒီလိုသူငယ်ချင်းတွေကိုပေါင်းသင်း တယ်ဆိုတဲ့နေရာမှာ လည်းကိုယ့်အတွက် ကောင်းကျိုးကိုလိုလားတဲ့ သူငယ်ချင်းကောင်း တွေလည်း ရှိနိုင်သလိုအနားမှာ နေရင်း နဲ့ နောက်ကျောကိုဓားနဲ့ ထိုးဖို့အထိ ကြံရွယ်နေတတ်တဲ့ မိတ်ဆွေတုသူငယ်ချင်း အယောင်ဆောင်တွေလည်းရှိကောင်းရှိနေနိုင်ပါတယ်။
Padamyar FM
Wherever you go PadamyarFM will be there with you...