Podcast.co
Subscribe
ဒီနေ့အတွက်စကား
Padamyar FM
ဒီနေ့အတွက်စကား
11/02/202003:00
Episode Info

ဒီနေ့အတွက်စကား

If you want to know someone’s mind, listen to their words. If you want to know their heart, watch their actions.

တခြားသူတွေရဲ့ စိတ်ကိုသိချင်တယ်ဆိုရင်သူတို့ ပြောတဲ့စကား တွေကို နားထောင်ပါ။ သူတို့ရဲ့ နှလုံးသား ဘယ်လိုလဲဆိုတာ သိချင်တယ်ဆိုရင်တော့ သူတို့ရဲ့ လုပ်ဆောင်မူတွေကို စောင့်ကြည့်ပါလို့ ဒီနေ့အတွက် စကားက ဆိုလိုရင်းရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ စိတ်ကိုသိချင်တယ်ဆိုရင် သူတို့ပြောတဲ့စကားကို အချိန်ပေးနားထောင်ပေးရပါမယ်။ ဒါမှမလည်းသူစိတ်ထဲမှာ ဘယ်လိုတွေရှိနေတယ်။ ဘာတွေကြံစည်နေတယ်ဆိုတာတွေကို ရိပ်မိနိုင်မှာပါ၊၊ နားထောင်တဲ့အခါမှာလည်း ကိုယ်က အချိန်တော့ပေးဖို့လိုတယ်။ အချိန်ခဏလေးအတွင်းမှာတင် သူပြောတဲ့စကားတွေလောက်ကို ယုံကြည်လို့ သူဟာဘယ်လို စိတ်နေစိတ်ထားရှိတယ်ဆိုပြီးလွယ်လင့်တကူ ကောက်ချက်ချလိုက်မယ်ဆိုရင်တော့ လွဲချော်နိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားကို သိချင်တယ်ဆိုရင်တော့ အချိန်တစ်ခုတော့ပေးဖို့ လိုအပ်ပါတယ်။

လူတစ်ယောက်ရဲ့ နှလုံးသားနဲ့ ခံယူချက် တွေကိုသိချင်တယ်ဆိုရင်တော့ သူရဲ့လုပ်ဆောင်မူတွေကိုလည်း အချိန်ပေးစောင့်ကြည့်ဖို့လိုပါတယ်။ တချို့သောဟန်ဆောင်ကောင်းတဲ့သူတွေက ပါးစပ်ကတော့ ဖြူးနေအောင် ရွှန်းရွှန်းဝေပြောဆိုတတ်ပေမယ့် သူရဲ့ လုပ်ရပ်ကို သေချာစောင့်ကြည့်မယ်ဆိုရင်တော့ အထင်ကြီးစရာ လောက်လောက်လားလား မရှိတာတွေလည်း ဖြစ်နိုင်ပါတယ်……….

Powered by